myanSEED

ထုတ်ကုန်ကွင်းဆက်တလျှောက် အစားအစာဘေးကင်းရေး စီမံခြင်း

မြန်မာနိုင်ငံသည် အစားအစာကုန်ကြမ်းသီးနှံများစိုက်ပျိုးထုတ်လုပ်၊ တင်ပို့၊ ရောင်းချနေသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ထုတ်လုပ် လိုက်သော အစားအစာသည် အဆိပ်အတောက်နှင့် ဘေးဥပါဒ်မရောက်အောင်သတိပြုရန် အရေးတကြီးလိုအပ်ပါသည်။ စိုက်ပျိုးရေး

ကဏ္ဍအနေဖြင့်စိုက်ပျိုးထုတ်ကုန်များ၏ တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးရေးစီမံကိန်းများ၊ အစီအစဉ်များမှတဆင့် စားသောက်ကုန်များ၊ စိုက်ပျိုး သီးနှံများ စိုက်ပျိုးထုတ်လုပ်၊ ပြုပြင်ကြိတ်ခွဲရေးတွင် အစားအစာဘေးကင်းရေးကို အဓိက ချဉ်းကပ်ဖြေရှင်းရန်ကြိုးစားလျက်ရှိပါသည်။

ဤလက်ဆွဲစာအုပ်အနေဖြင့် အရည်အသွေးကောင်း စားသောက်ကုန်ကြမ်းများ ထုတ်လုပ်ရာတွင် လိုအပ်သောတန်ဖိုးကွင်းဆက်

တလျှောက် အစားအစာဘေးကင်းရေးလုပ်ငန်းများ၊ စီမံချက်များဖြစ်သည့် အစားအစာဘေးကင်းလုံခြုံမှုနှင့် အရေးပါမှု၊ ဥပဒေမူဘောင် ဖြင့် ထိန်းချုပ်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ စနစ်တကျထုပ်ပိုးခြင်းတို့အပြင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးစနစ် ကျင့်သုံး ခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် ရေးသားပြုစုထားပါသည်။