myanSEED

စိုက်ပျိုးရေးထွက်ကုန်များ၏ တန်ဖိုးကွင်းဆက်များနှင့် ကွင်းဆက်များ အားကောင်းစေခြင်း

ဤလက်ဆွဲစာအုပ်အနေဖြင့် အရည်အသွေးကောင်း စားသောက်ကုန်ကြမ်းများ ထုတ်လုပ်ရာတွင် လိုအပ်သောတန်ဖိုးကွင်းဆက် တလျှောက် အစားအစာဘေးကင်းရေးလုပ်ငန်းများ၊ စီမံချက်များဖြစ်သည့် အစားအစာဘေးကင်းလုံခြုံမှုနှင့် အရေးပါမှု၊ ဥပဒေမူဘောင် ဖြင့် ထိန်းချုပ်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ စနစ်တကျထုပ်ပိုးခြင်းတို့အပြင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးစနစ် ကျင့်သုံး ခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် ရေးသားပြုစုထားပါသည်။

ထို့ကြောင့် စိုက်ပျိုးထုတ်ကုန်ကွင်းဆက်တလျှောက် ပါဝင်ပတ်သက်ကြသူများအားလုံးအတွက် ရည်ရွယ်ပြီး ဤတန်ဖိုးကွင်းဆက်များ နှင့် ကွင်းဆက်များအားကောင်းစေခြင်း လမ်းညွှန်စာအုပ်ကို ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်တွင် တန်ဖိုးကွင်းဆက်၏ အခြေခံသဘောတရားများနှင့် ၎င်း၏အရေးပါပုံ၊ တန်ဖိုးကွင်းဆက်များအား လေ့လာသုံးသပ်ပုံ နည်းလမ်းများ၊ ဖွံ့ဖြိုးရေးလုပ်ဆောင်ရန်အတွက် အဆင့်ဆင့်ချဉ်းကပ်ဆောင်ရွက်ပုံ များ၊ ဈေးကွက်ချိတ်ဆက်မှုအတွက် ဗျူဟာမြောက်ချဉ်းကပ်မှုများ၊ တန်ဖိုးကွင်းဆက်ဖွံ့ဖြိုး တိုးတက်ရေးနည်းဗျူဟာများနှင့် အဓိကဆောင်ရွက်ချက်များအတွက် ပြည့်စုံသော လမ်းညွှန်ချက်များကို ရေးသားထားပါသည်။