myanSEED

မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ပိုမိုကောင်းမွန်သော ကုန်သွယ်မှု၊ အခွင့်အလမ်းများဆီသို့ စိုက်ပျိုးရေးအလေ့အထ ကောင်းများ၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ငွေကြေးရရှိနိုင်မှု လမ်းညွှန်စာအုပ်

ဤစာအုပ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးတောင်သူများအား လက်ဖက်၊ ချင်း (ဂျင်း)နှင့် ထောပတ်သီးနှံများ၏ စိုက်ပျိုးရေးတန်ဖိုး ကွင်းဆက်တွင် လက်တွေ့အသုံးချနိုင်သော အချက်အလက်များနှင့် ကောင်းမွန်သော အလေ့အထများကို ပေးစွမ်းနိုင်ရန် ရည်ရွယ်ပါ သည်။ ထို့အတွက် လက်ဖက်၊ ချင်း(ဂျင်း)နှင့် ထောပတ်သီးနှံတို့၏ စိုက်ပျိုးရေးအလေ့အထကောင်းများ၊ ပိုမိုစနစ်ကျသော အပင်ပြုစု နည်းများ၊ ရောဂါပိုးမွှားကာကွယ်နှိမ်နင်းနည်းများ၊ မှန်ကန်သော ခူးဆွတ်ခြင်းနှင့် ခူးဆွတ်ပြီးနောက်ပိုင်း ပြုပြင်ကိုင်တွယ်နည်းများ၊ မိမိတို့၏ လယ်ယာစီးပွား စီမံခန့်ခွဲခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း တို့ကို ရေးသားပြုစုထားသည်။

ထို့အပြင် တောင်သူများအတွက် အရေးကြီးသော အစားအစာဘေးကင်းလုံခြုံရေး၊ ငွေကြေးရရှိမှု၊ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ တိကျ သောအကြံပြုချက်များနှင့် လက်တွေ့ကျသောလမ်းညွှန်ချက်များကိုပေးရန်လည်း ရည်ရွယ်ပါသည်။ အစားအစာဘေး ကင်းလုံခြုံမှု အပေါ် တောင်သူများ၏ရှုထောင့်မှကြည့်ရာတွင် အစားအစာဘေးကင်းလုံခြုံရေးမှာ ၎င်းတို့အတွက် မည်မျှအရေးပါပုံ၊ အစားအစာ ဘေးကင်းရေးနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး လက်မှတ် များ၊ အစားအစာထုတ်လုပ်သူများအတွက် အရေးပါသောနည်းလမ်းကောင်းများနှင့် စားသုံးသူများအတွက် အစားအစာ ဘေးကင်းလုံခြုံ ရေး အကြံပြုချက်များကိုပါ ထည့်သွင်းရေးသားထားသည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သောငွေကြေးရရှိရန်လုပ်ဆောင်ရာတွင် သိသင့်သော မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ချေးငွေရရှိ နိုင်သော နည်းလမ်းများ၊ ငွေစုငွေချေးအဖွဲ့များ၊ အသေးစားငွေကြေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ထုတ်ကုန်တန်ဖိုးကွင်းဆက်တွင် ချေးငွေရရှိရန် စီစဉ်ဆောင်ရွက်ခြင်း အကြောင်းအရာများကိုလည်း ရေးသားမျှဝေထားပါသည်။ တောင်သူများအတွက် မဖြစ်မနေသိသင့် သော စီးပွားရေးစီမံခန့်ခွဲခြင်းနည်းလမ်းများကို စုံလင်စွာဖတ်ရှုလေ့လာနိုင်ရန် ထည့်သွင်းရေးသားထားသည်။