myanSEED

စားသုံးသူများအတွက် အစားအစာ ဘေးကင်းလုံခြုံရေး

သီးနှံထုတ်လုပ်ရောင်းချနေရသည့် ကမ္ဘာ့ဈေးကွက်တွင် ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာများ ၊ အရည်အသွေးဆိုင်ရာပြဿနာများပြဿနာများသည် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်းတွင် အမြဲတစေ ကြုံတွေ့နေရပါသည်။ တဖက်တွင်လည်း ဝယ်လိုအားဖက်မှတောင်းဆိုလာသော ဘေးကင်းသောအစားအစာများ၊ GAP ထောက်ခံ လက်မှတ်များ၊ စိုက်ပျိုးစက်မှုဆီသို့ တဆင့်တက်ရန်ကြိုးစားရာတွင် ကြီးမားသောဟာကွက်ကြီးဖြစ်နေသည့် ဘေ၇,၀၀၀းကင်းလုံခြုံသော သီးနှံကုန်ကြမ်းများကို ဖြည့်တင်းရရှိနိုင်အောင် ပုံဖော်နေကြါသည်။ ရေရှည်တည်တံ့သောာ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်များ ၊စီမံကိန်းများ ပါဝင်ရေးဆွဲရာတွင် အစားအစာ ဘေးကင်းလုံခြုံရေးသည် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများအတွက် ချမှတ်ထားသော ရေရှည်ဖွံ့ ဖြိုးမှုပန်းတိုင်(၁၇) ချက်ပေါ်တွင်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သက်ရောက်မှုရှိသည်။

ဤစာအုပ်တွင် အစားအစာနှင့်ဆက်နွယ်‌သောပြဿနာများ၊ စားသောက်ကုန်ဘေးကင်းလုံခြုံရေးအတွက် ဥပဒေမူဘောင်ဖြင့် ထိန်းချုပ်ခြင်း၊ စားသုံးသူများအတွက် အစားအစာဘေးကင်းလုံခြုံရေးတို့ကို ရှင်းလင်းရေးသားထားသည့်အတွက် အစားအစာထုတ်လုပ်ရောင်းချသူ၊ လုပ်ငန်းရှင်များအနေဖြင့် အနာဂတ်စားသုံးမှုပုံစံသစ်များအတွက်ရင်းနှီးမြုပ်နှံမှုဆိုင်ရာများ ပြင်ဆင်လိုပါက ယခုလက်စွဲစာစောင်ကို ဖတ်ရှုနိုင်ပါသည်။