myanSEED

ရှမ်းပြည်တောင်ပိုင်း အစားအစာများ ချက်ပြုတ်နည်း

ဤဟင်းချက်နည်းစာအုပ်သည် Myanmar SECO-UN Cluster on Trade and Productive Capacity မှ အကောင်အထည်ဖော်ဆောင် ရွက်သော “Upgrading horticulture supply and sustainable tourism to develop business linkages” စီမံကိန်း၏ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။ စီမံကိန်းအကောင်အထည်ဖော်နေစဉ် ကြုံတွေ့ရသော အခြေအနေအပြောင်းအလဲအရပ်ရပ်နှင့် အညီ လိုက်လျောညီထွေဆောင်ရွက်ရန် UNCTAD စီမံကိန်းအဖွဲ့သည် စီမံကိန်း၏ ကျား/မရေးရာကဏ္ဍအကောင်အထည်ဖော်ြခင်းကို ပြန်လည်သုံးသပ်ပြီး မြန်မာအမျိုးသမီးများ၏ အခက်အခဲကို ကြံ့ကြံ့ခံကျော်လွှားနိုင်စွမ်းနှင့် ထီထွင်ဖန်တီးနိုင်စွမ်းကိုသာ အထူးအလေး ထားအကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များ၊ အထူးသဖြင့် ရှမ်းပြည်နယ်၏ အချက်အပြုတ်ဆိုင်ရာ အစဉ်အလာအမွေအနှစ်များကို ထိန်းသိမ်းခြင်းနှင့် မြှင့်တင်ခြင်းတို့တွင် အမျိုးသမီးများ၏ အရေးပါသောအခန်းကဏ္ဍသာမက အမျိုးသမီးများသည် မိမိ၏ မိသားစု တာဝန်များနှင့် ရပ်ရွာရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အဓိကကဏ္ဍ၌ ပါဝင်လုပ်ဆောင်လျက်ရှိသည်ကို ပိုမိုပေါ်လွင်စေရန် ရည်ရွယ် ချက်ဖြင့် ဤဟင်းချက်နည်းစာအုပ်အား ရေးသားခြင်းဖြစ်ပါသည်။
စာအုပ်ပါဟင်းလျာများကို တောင်ကြီး၊ အောင်ပန်း၊ အင်းလေး၊ ကလောနှင့် ပင်လောင်း မြို့နယ်များရှိ အမျိုးသမီးတောင်သူများ၏ မီးဖိုချောင်များတွင် ချက်ပြုတ်ပြင်ဆင်ခဲ့ပါသည်။ ဤစာအုပ်တွင် ရှမ်းပြည်တောင်ပိုင်း တိုင်းရင်သားလူမျိုးစုများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊ ဓလေ့ရိုးရာများနှင့် ရှမ်း၊ ဓနု၊ အင်းလေး၊ ပအို့(ဝ်)၊ ပလောင်နှင့် တောင်ရိုး စသည့် တိုင်းရင်းသားလူမျိုးစု (၆) စု၏ ရိုးရာဟင်းလျာချက်ပြုတ်နည်းများကို စိတ်ဝင်စားဖွယ် ဖတ်ရှုနိုင်ပါသည်